နတ်တလင်းမြို့နယ် Community Centre ခန်းမ၌စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

နတ်တလင်း  စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြု ဗဟိုဌာန(Community   Centre)ခန်းမ၌  ကျောင်းသားကျောင်းသူလေးများ အသိပညာ ဗဟုသုတ တိုးပွား​စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့​နံနက် ၁၀ နာရီကကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားလပ်သည့်အချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချသင့်ကြောင်း၊ ပြင်ပအသိပညာဗဟုသုတစာအုပ်စာပေများ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့်အလေ့အကျင့်များ ပြုလုပ်သင့်ကြောင်း ဟောပြောခဲ့ပြီး ဒုတိယဦးစိီးမှူး​ဒေါ်ထားထားဦးက မူးယစ်ဆေးဝါး​​သုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး အကြောင်းအရာ များ၊ စာအုပ်မှရရှိလာသော အသိပညာဗဟုသုတများကို စဥ်ဆက်မပြတ်လေ့လာမှသာလျှင် အနာဂတ်တွင် နိုင်ငံတာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြတ်သည့် လူငယ်လေးများ ပေါ်ထွက်လာမည် ဖြစ်ကြောင်းဟောပြောခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သဘာဝဘေး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ဇင်ဇာထွန်း (ပြန်/ဆက်)