ပြည်မြို့နယ်၌ လေဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး‌၊ ကယ်ဆယ်‌ရေး ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးများ‌ထောက်ပံ့ပေးအပ်

ပြည် စက်တင်ဘာ ၁၉

ပြည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ ထိခိုက်ပျက်စီးခဲ့သော ရွာဘဲရပ်ကွက်မှ နေအိမ်(၃)လုံးနှင့် အရှေ့ပေါက်တောကျေးရွာမှ နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ ထောက်ပံ့ငွေအပါအဝင် ကယ်ဆယ်‌ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများအဖွဲ့က စက်တက်ဘာ ယမန်နေ့မွန်းလွဲ ၁နာရီခွဲအချိန်က အဆိုပါ  ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာတွင် ပြည်မြို့၊ ရွာဘဲရပ်ကွက်မှ လေဘေးသင့်ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်၃သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုး၊ ကြာအင်းကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာမှ အမိုးလန်နေအိမ်( ၁ )လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၅သောင်းတို့ကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် အဖွဲ့က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ လေဘေးသင့်မိသားစုဝင်များထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး လေဘေးသင့်‌နေအိမ်များမှ မိသားစုဝင် စုစုပေါင်း ၁၆ ဦးအတွက် တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ဆန်ရိက္ခာဖိုးငွေကျပ် ၃၃၆၀၀ ကျပ်ကိုလည်း ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)