အင်းစိန်ဆေးရုံကြီး၊ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများ အတွက် အသင့်စားသုံးနိုင်သည့် အစားအစာများ လှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကု ဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများအတွက် အသင့်စားသုံးနိုင်သည့် အစားအစာများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေရသော လူနာများ အတွက် ကွယ်လွန်သူ ဖခင်ကြီး ဦးမောင်မောင်လေးအား ရည်စူး၍ ကျန်ရစ်သူ ဒေါ်အေးသန်း မိသားစုမှ အသင့်စားသုံးနိုင်သည့် ကြာဇံကြော်နှင့် ကော်ပြန့်ကြော်ပွဲ(၂၀၀)၊ ဘာလချောင် ကြော်နှင့် သံပုရာ သီးသနပ်ပွဲ(၂၀၀)တို့ကို လှူဒါန်းရာ အင်းစိန် အထွေထွေရောဂါ ကုဆေးရုံကြီး မှ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ် ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)