လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

လေရှီး   နိုဝင်ဘာ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြင့်ကာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက ဝိုင်းဝန်းကြိုးပမ်း ဆက်လက်ဆောင်ရွက်နေပြီး နယ်စပ်ဂိတ်၊ ရန်နွေး ဂိတ်နှင့် ငကျန်ဂိတ်၊ မြို့အဝင်အထွက်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်း ကို အရှိန် အဟုန်မြှင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် လုပ်ဆောင်ရာတွင် လေရှီးမြို့နယ်အတွင်း အခြား ဒေသများ လာရောက်လျက်ရှိကြသူများအား ကျန်းမာကြောင်း ဆေးခြင်း၊ ထောက်ခံချက် စစ်ဆေးခြင်း၊ ခရီးသွား လူအဝင်/အထွက် စစ်ဆေးခြင်းနှင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ ကျန်းမာရေး ထောက်ခံချက် ပါ/မပါ သွားလာခွင့်ပြုချက်များ ရထားမှု အခြေအနေများ စစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခဘိုး(ပြန်/ဆက်)