မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပေါ်ဆန်းရင် မျိုးစေ့ထုတ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်း သရုပ်ပြပွဲဆောင်ရွက်

ချောင်းဆုံ နိုဝင်ဘာ ၂၃

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု၏ထောက်ပံ့မှုအရဆောင်ရွက် ထား သော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းစံကွတ်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကိုနိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းကမုရစ်ကလေးကျေးရွာကွင်းအမှတ် (၇၆၀) ရှိတောင်သူဦးတင်ထွဋ်၏ စံပြစိုက်ကွက်တွင် ပြုလုပ်ရာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြိုနယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် တာဝန်ရှိ သူများ၊ဒေသခံများတက်ရောက်ခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ပံ့မှုဖြင့် မျိုးစေ့လုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်ထားသည့် မျိုးစေ့ ထုတ်စိုက်ခင်းများမှ စပါးမျိုးစေ့များကိုနမူနာရယူပြီးစိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့ ဓါတ်ခွဲခန်း သို့ပို့ဆောင်ကာမျိုးစပါးများသတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးသွားမည်ဖြစ်ကြောင်း ၊ သတ်မှတ်စံနှုန်းများဖြင့် ကိုက်ညီမှသာမျိုးစေ့ရောင်းချလို့ရသည့် အသိအမှတ်ပြုကဒ်ပြား ထုတ်ပေး သွားမည် ဖြစ်ကြောင်းမော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသိန်းအောင်သန်း က ပြောသည်။

ယခင်နှစ်များကဒေသစပါးများစိုက်ပျိုးခဲ့ရာတစ်ဧကစပါးတင်း(၄၀)သာ ထွက်ရှိခဲ့ကြောင်း ယခု စိုက်ပျိုး သည့် ပေါ်ဆန်းရင် စပါးမျိုးသန့်က အခုရိတ်သိမ်းချိန်တွင် စပါးတင်း(၇၀)ခန့်ထွက်ရှိကြောင်း ၊ အသိ အမှတ် ပြုကဒ်ပြားရရှိပြီးပါကပေါ်ဆန်းရင် မျိုးသန့်စပါးမျိုးစေ့များကိုလည်းဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ၊လက်ရှိမိမိပိုင်လယ်ဧက (၇၀) တွင် ဧက (၃၀) မျိုးစေ့ထုတ် စပါးမျိုးသန့်စိုက်ပျိုး ထားကြောင်း တောင်သူဦးတင်ထွဋ်ကပြောသည်။

ချောင်းဆုံမြို့နယ်အတွင်းမိုးစပါးစိုက် ဧက (၆၅၂၄၉) ဧကရှိပြီးပေါ်ဆန်းရင် မျိုးစေ့ထုတ် မိုးစပါး စိုက်ကွက် ဧက (၂၀၀) စိုက်ပျိုးထားကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကေအေ(ချောင်းဆုံ)