ဟုမ္မလင်း၊ နိုဝင်ဘာ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများပူပေါင်း၍ ကက်သာကျေးရွာ၊ ကွင်းအမှတ်-၁၃၄၊ နောင်ပေတင်ကွင်း၊ ဦးပိုင် အမှတ်( ၇၃)၊ တောင်သူ ဦးဘကြည် လယ်ဆင်းဧကရီ -၃၊ မိုးစပါး စိုက်ခင်းတွင် (ဝဒသမ၁၀)ဧက စံကွက်၊ ၆ဒသမ၆ပေ စံကွက်ရိတ် သိမ်းသရုပ်ပြပွဲ ကိုယမန်နေ့ နံနက်(၁၀)နာရီခွဲက အဆိုပါနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ ဟုမ္မလင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်း၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးတင် မောင်ဝင်း ၊မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးစိုးမင်းလတ်၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေး၊တို့က တက်ရောက်အားပေးကြကာ တောင်သူများအား လယ်ယာ ကုန်ထုတ်လမ်းများ ဖောက်လုပ် နိုင်ရေး၊ ရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး စသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင့်သိရသည်။
ဆက်လျက်၍ တက်ရောက်လာသူများက တောင်သူ ဦးဘကြည် ၏ မိုးစပါးစံ ကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး၊ ဆင်း ဧကရီ -၃ မိုးစပါး စံကွက်တစ်ဧက အထွက်နှုန်း (အစို)၁၀၁ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)