တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး နို၀င်ဘာ ၂၃

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်  ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင်  တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် တောင်တွင်းကြီး-မကွေးလမ်းတလျောက်၊ တောင်တွင်း ကြီး-ပြည်လမ်းတလျောက်၊ တောင်တွင်းကြီး-မြို့သစ်လမ်းတလျောက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ဆိုင်ထိုင်ရောင်းချ​ခြင်းမပြုဘဲ ပါဆယ်စနစ်(Take-Away) ဖြင့်သာ ရောင်းချသွားရန် ထုတ်ပြန်ပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ ဆိုင်ရှင်များမှ လက်ဆေး ဘေစင်များ၊ လက်သန့်ဆေးရည် သို့မဟုတ် ဆပ်ပြာများ ထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပေး မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာ၀န်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)