ခန္တီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲ အွန်လိုင်းမှပြုလုပ်

ခန္တီး     နိုဝင်ဘာ    ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း နှင့် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမင်းတို့က မိတ်ဆက်စကားပြောကြားသည်။ ယင်း နောက် စီမံကိန်းမန်နေဂျာ ဦးလှခိုင်က စီမံကိန်းအကြောင်းကို ဗွီဒီယိုဖြင့်ရှင်းလင်းခဲ့သည်။ 

ထို့နောက် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲ ကို  တက်ရောက်လာ သူများက စီမံကိန်းနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ NGO၊ INGO၊ နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ လူမှုရေးအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)