ရေဦးမြို့နယ်အတွင်းရှိ အများပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် သောက်သုံးရေ အရည် အသွေးများ စစ်ဆေးပေး

ရွှေဘို နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိ အများပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး အရည်အသွေးများကို နိုဝင်ဘာလ ပထမအပတ်မှစ၍ စစ်ဆေးပေးလျက်ရှိကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါစစ်ဆေး‌ပေးခြင်းနှင့်ပတ်သက်၍ ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် နေစဉ် သောက်သုံး လျက်ရှိ သော ရေထွက်ပင်းရင်များဖြစ်သော ရေတွင်း၊ရေကန်များမှ ရေနမူနာများကိုရယူပြီး ၎င်းထဲ၌ လူနှင့် တိရစ္ဆာန်များ ၏ အညစ်အကြေးပါဝင်မှု အခြေအနေများပါဝင်မှု အခြေအနေများနှင့် ဝမ်းပျက်ဝမ်းလျှောဂါ ဖြစ်ပွား စေတတ် သော အီကိုလိုင် ဘက်တီးရီးယား ပါဝင်မှုရှိ/မရှိကို သိရှိနိုင်စေရန်အတွက် E-coli Test-Kit ဖြင့် စစ်ဆေး ပေးခြင်း ဖြစ်ကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်း အေးမှ ပြောကြားသည်။

ထို့သို့ စစ်ဆေးပေးခြင်းဖြင့် သောက်သုံးရေများတွင် အီကိုလိုင် ဘက်တီးရီးယား ပါဝင်မှုရှိပါက ဝမ်းပျက် ဝမ်းလျှောနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် ၎င်းသောက်သုံးရေများကို ကျိုချက်ပြီး သောက်သုံးနိုင် စေရန် နှင့်ရောဂါဖြစ်ပွားမှုအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် စစ်ဆေးပေးလျက်ရှိရာ ယနေ အချိန်ထိ ရေဦးမြိုနယ်အတွင်းမှ ကျေးရွာပေါင်း(၁၉၁)ထဲမှ (၉၆) ရွာကို စစ်ဆေးပြီးစီးပြီးဖြစ်ကြောင်းနှင့် ကျန်ကျေးရွာ များကိုလည်း ဆက်လက်စစ်ဆေးပေးသွားမည်ဟု မြို့နယ်ဦးစီးမှူး ထံမှသိရသည်။

ခရိုင် ပြန်/ဆက်