ဘောဂလိ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေ လာကောင်းမွန်စေရေး ရေမြောင်းတူးဖော်ခြင်း ၊အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ မြို့သာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခွင့်ပြုရန်ပုံငွေဖြင့် အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံး ပြုလုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ တိတယအပတ်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ အုတ်စီရေမြောင်းခင်းခြင်းနှင့် ရေမြောင်းဖုံး ပြုလုပ်ခြင်း လုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ် စံချန်စံညွှန်း ပြည့်မီရေးအတွက် အနီးကပ်ကြပ်ကြပ်ဆောင်ရွက်လျက်ရှိရာ အရှည် (၃၅၀) ပေ၊ အကျယ် ၁ပေခွဲ ၊ အမြင့် ၁ပေခွဲ ရှိပြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၇.၆ )သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဘောဂလိ (ပြန်/ဆက်)