ထီးချိုင့်မြို့နယ်တွင် နွေစပါးဆင်းသုခ (RS to CS ) ပျိုးသက်နု ကောက်ကွက်ကြဲ၏ (SRI) စနစ်ဖြင့် ပျိုးထောင်ခြင်းအား လက်တွေ့ သရုပ်ပြဆောင်ရွက်

ထီးချိုင့် နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ညောင်ပင်သာ နည်းပညာပြန့်ပွားရေး တာဝန်ခံ ဒုလက်ထောက်ဦးစီးမှူး ဒေါ်မြတ်နိုးဆွေ၊ တွဲဘက်တာဝန်ခံ ဦးစိုးကိုကိုနှင့် မြို့မနည်းပညာပေးစင်တာမှ ဝန်ထမ်းများ၊ ကမ်းနီနည်း ပညာပေးစင်တာမှ ဝန်ထမ်းများသည် ညောင်ပင်သာနည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ မရသိမ်ကျေးရွာအုပ်စု၊ ဝါးဘိုး ချောင်းကျေးရွာ ကွင်းအမှတ် (၈၇၆)၊ ဦးပိုင်အမှတ် (၄၇) ရှိ တောင်သူဦးဇော်နိုင်မြင့်၏ လယ် (၃) ဧကတွင် နွေစပါးဆင်းသုခ (RS to CS) ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စနစ်ဖြင့် ပျိုးထောင် ခြင်းအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက ကွင်းဆင်း သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ကွင်းဆင်းသရုပ်ပြရာတွင် (၁) ဧကလျှင် (၂' x  ၁' ) ကွက် (၁၆)ကွက်ပါရှိသောဘောင် (၆) ဘောင်လိုအပ်ပြီး တစ်ဘောင် လျှင် မျိုးစပါးနို့ဆီဗူး (၂) ဗူးနှုန်းဖြင့်  အညှောက်ဖောက်ပြီးမျိုးစပါး (၁၂) ဗူး လိုအပ်ပါသည်။ ဘောင်အောက်တွင် ပလပ်စတစ်၊ သတင်းစာစက္ကူများခင်း၍ ပျိုးထောင်နည်း အဆင့်ဆင့်ကို  ဝါးဘိုးချောင်းကျေးရွာမှ တောင်သူ (၈) ဦးပါဝင်လုပ်ကိုင်စေပြီး  လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ ပျိုးသက် (၁၂) ရက်သားတွင် ပြောင်းရွေ့ စိုက်ရာတွင်လည်း တောင်သူများ ပူးပေါင်းပါဝင်၍ လက်တွေ့သရုပ်ပြ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)