ကျိုက်မရော နိုဝင်ဘာ ၂၃
မော်လမြိုင်ခရိုင် ကျိုက်မရော မြို့နယ်တွင် ယနေ့နံနက် ၇ နာရီအချိန်က ကျိုက်မရော-မော်လမြိုင်သွားကားလမ်းပေါ်နှင့် အခွန်လွတ်စျေးတို့၌ Mask (နှာခေါင်းစီး) များစနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာ ပေးဟောပြောခြင်းများကို ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေခြင်းကို တတိယမြောက်နေ့အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘုန်းမြင့်နိုင်က ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့များ ပရဟိတ အဖွဲ့များမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ ကော်မတီဝင်များ ပူးပေါင်း အဖွဲ့များက မြို့တွင်းလမ်းမပေါ် သွားလာနေသူများနှင့် စျေးအတွင်းရှိ စျေးသည်များ၊ စျေးဝယ်သူများအား နှာခေါင်းစည်း (Mask) အခုရေ (၂၀၀၀) ကို အခမဲ့ဖြန့် ဝေတပ်ဆင်ပေးခဲ့ပြီး ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါအား တိုက်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ချိုချို (ပြန်/ဆက်)