ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ.ထ.က(၃) Quarantine centre သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်ခဲ့သူများအား Quarantine ဝင်ရောက်ရန် သက်ဆိုင်ရာ နေအိမ်များသို့ သွားရောက်ခေါ်ဆောင်

ဒဂုံတောင် နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အ..က() Quarantine centre သို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်ခဲ့သူများအား  Quarantine ဝင်ရောက်ရန် သက်ဆိုင်ရာ နေအိမ်များသို့ ယမန်နေ့ ညနေ(၅:၃၀)အချိန်မှ စတင်၍ သွားရောက် ခေါ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွားရောက်ခေါ်ဆောင်မှုတွင် ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်ခဲ့သူ ကျား(၇၂)ဦး၊ (၇၂) စုစုပေါင်း(၁၄၄)ဦးတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်း ဦးဆောင်၍ မြို့နယ်အတွင်းရှိ ပရဟိတကျန်းမာရေးအသင်း မော်တော်ယာဉ်များနှင့် စနစ်တကျ သွားရောက် ခေါ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် Quarantine centre တွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းများနှင့် Volunteer များက သက်ဆိုင်ရာ အခန်းများအတွင်းသို့ ခေါ်ဆောင်ပေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့​ကြောင်း သတင်းရရှိသည်။

အိကေသရီ(ပြန်/ဆက်)