ကလေး နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း Cast For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း၁၀နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပ လျက်ရှိကြောင်းသိရသည်။
ရှေးဦးစွာ ကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ် ဦးစီးမှူး ဦးငူလ်ဆွင်းခိုင် က Cast For Work စီမံကိန်းလုပ်ငန်းများရေရှည်တည်တံ့စေရန်နှင့် ပြုပြင် ထိန်းသိမ်းသွားကြရန် တို့ကိုမှာကြားပြီး စီမံကိန်းများနှင့်ပတ်သက်သည့် လုပ်ငန်း မှတ်တမ်းများကို လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာ ကော်မတီဝင်များက လက်ခံရ ယူခဲ့ကြသည်။
အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများလွှဲပြောင်းပေးအပ်ရာ တွင် ကလေးမြို့နယ်အတွင်းရှိ Cast For Work လုပ်ငန်းဆောင်ရွက် သည့်ကျေးရွာ (၆)ရွာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထန်းဖုန်(ပြန်/ဆက်)