ဒဂုံတောင် နိုဝင်ဘာ ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁၀၄)ရပ်ကွက် ရွှေဥဒေါင်းလမ်းနှင့် ရွှေဟင်္သာ(၁)လမ်း ခင်းကျင်းနိုင်ရေး အခြေအနေများကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က စတင်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ တာဝန်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးကာ
လမ်းများ၏ မြေပြင်အခြေအနေများ၊ လမ်းမြေသား စတင်ခင်းကျင်းပါက စနစ်တကျ ရှိစေရေးများ၊ တည်ဆောက်ရာတွင်လည်း သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြေပြင်အခြေအနေအား လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)