ကျောက်တန်း နိုဝင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်ချနိုင်ရေးနှင့် Maskစနစ်တကျ တပ်ဆင်ရောင်းချစေရေး အသိပညာပေးခြင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ နယ်ရှိ ဈေးများနှင့် စားသောက်ဆိုင်များတွင် ယနေ့နံနက် ၈ နာရီက တာဝန်ရှိသူများမှ ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ် သူများ၊ ကားဂိတ် များရှိ ခရီးသွားပြည်သူများ၊ စားသောက်ဆိုင်များရှိ ဆိုင်ဝန်ထမ်းများအား Mask တပ်ဆင်ရေး အသိ ပညာပေး ခြင်းနှင့် စားသောက်ဆိုင်များတွင် လက်ဆေးဘေစင်များဆောင်ရွက်ထားမှု၊ လေဝင်လေထွက် ကောင်းမွန်အောင် စီမံဆောင်ရွက်ထားမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေးပိုစတာများ၊ဗီနိုင်းများ ချိတ်ဆွဲထားမှု အခြေအနေများကို စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမို့မို့ခိုင်တို့က ဦးဆောင်ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Mask စနစ်တကျတပ်ဆင်ရေး အသိပညာပေးခြင်းများကို
ခင်ဆွေဝင်း (ကျောက်တန်း)