အရာတော် နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန် ရှိသူများကယမန်နေ့ နံနက်ပိုင်းက အရာတော်မြို့နယ် ရသစ်ကျေးရွာအုပ်စုနှင့်နေရာခင်းကျေးရွာအုပ်စုတို့တွင် စိုက်ပျိုးထားသည့် မိုးစပါးနှင့်ဆောင်းမြေပဲစိုက်ခင်းများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ယင်းသို့ စစ်ဆေးရာတွင် အရာတော်မြို့နယ် အုပ်ရှင်းကြီး နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ကျ ဝန်ထမ်းများသည် ရသစ်ကျေးရွာအုပ်စု မိုးစပါးစိုက်ခင်းများနှင့် ဆောင်းမြေပဲ စိုက်ခင်းများ ပိုး/ရော ဂါ ကျရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဓါတု ဆေးများ လျော့ချအသုံးပြုရန်၊ သဘာ၀မြေ သြဇာများ၊ သဘာ၀ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲကြရန် တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့်နေရာခင်းကျေးရွာအုပ်စု မိုးလို/ မိုးခေါင်မှု ကြောင့် သီးနှံထိခိုက်မှုအခြေနေအား ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ နှင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နွယ်နီမြင့်