ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၂၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ အ.ထ.က (၄) ကျောင်း၊ Quarantine Centre အမှတ်-၃တွင် Quarantine ဝင်ရောက်သူများနှင့် Volunteers များအတွက် ထမင်းဘူး (၆၀၀)ဘူးအား ယမန်နေ့ နံနက်ပိုင်းအချိန်က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပန်းပဲတန်းမြို့နယ်၊ (၂၇)လမ်း အလယ်ဘလောက် လုပ်ငန်းရှင်များ အသင်းနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦး တို့ ပူးပေါင်း၍ နံနက်စာနှင့် နေ့လယ်စာ ထမင်းဘူး(၆၀၀)ဘူးအား လာရောက်လှူဒါန်းရာ Quarantine Centre အမှတ်-၃ ကြီးကြပ်ရေး တာဝန်ခံ အမှတ်(၉၃) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှကြည်က လက်ခံရယူ၍ လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် Quarantine Centre (၃)ခု ရှိပြီး အ.ထ.က (၄ )ကျောင်းရှိ Quarantine Centre အမှတ်-၃ အတွက် လှူဒါန်းလိုပါက ဖုန်း ၀၉-၅၁၂၅၆၈၀ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
နန်းရွှေကြည်(ပြန်/ဆက်)