ဒဂုံမြို့နယ် အခွန်လွတ်စျေးနှင့် ဒဂုံရိပ်သာစျေးတို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းMask နှင့် face shield များ အခမဲ့ဖြန့်ဝေ

ဒဂုံ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား  နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်  အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီက ဘုရားကြီးရပ်ကွက်ရှိ အခွန်လွတ်စျေး နှင့် ဦးဝိစာရ ရပ်ကွက်ရှိ ဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအီနွယ် လှိုင်ပူနှင့် ဝန်ထမ်း ၈ ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း၅ဦး မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဌနှင့် အမှုဆောင်အရာရှိ ဦးစီး၈ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး ဦးစီး၂ ဦး စုစုပေါင်း ၂၃ ဦးဖြင့် စုပေါင်း၍ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်း အနေဖြင့်  ပြည်သူများ တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ကြရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအပြင် နှာခေါင်းစည်း Mask များ နှင့် Face shield တို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                                      

မိုးမိုးခိုင် (ပြန် /ဆက်)