ရေး နိုဝင်ဘာ ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး (A) အဆင့် သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီခန့်က ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဧယျာမင်းဦး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်မိုးစန္ဒာရွှေ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း (A)အဆင့် သတ်မှတ်ခြင်းခံရသော စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များ၊ ဆိုင်အဝင်အထွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပိုစတာ ဆိုင်ဘုတ်များ တပ်ဆင်ထားရန်၊ လက်ဆေးဘေစင်များ၊ Hand Gel လက်သန့်ဆေးရည်များ ထားရှိရန်၊ Mask နှင့် Face Shield တပ်ဆင်ရန် စသည့် စံသတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ လိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ရေးမြို့နယ်အတွင်း (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင် များအား ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော စံနှုန်းများ လိုက်နာ ဆောင်ရွက်ခြင်းနှင့် သန့်ရှင်းသန့်ရပ်စွာ စနစ်တကျရောင်းချကြရန် ပညာပေးခြင်းဖြင့် တာဝန်ရှိ သူများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)