ရန်ကုန် နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၆၅)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၂) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၂)သို့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူဖြစ်သော အင်းစိန်မြို့နယ်၊ ရွာမ အနောက် ရပ်ကွက်မှ (၁၇)ဦး၊ဖော့ကန်ရပ်ကွက်မှ (၁၀)ဦး၊ကမ်းနားအလယ်ရပ်ကွက်မှ (၁၀)ဦး၊ ရွာမ အရှေ့ ရပ်ကွက်မှ (၉)ဦး၊စော်ဘွားကြီးကုန်းရပ်ကွက်မှ (၇)ဦး၊စဉ့်ငူရပ်ကွက်မှ (၆)ဦး၊အောင်ဆန်း ရပ်ကွက်မှ (၄)ဦး၊မြို့သစ်(ဂ)ရပ်ကွက်မှ (၁)ဦး၊တညင်းကုန်းရပ်ကွက်မှ (၁)ဦး စုစုပေါင်း (၆၅)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများက သက်ဆိုင် ရာ Quarantine Center သို့ အသီးသီးပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)