ကျောက်ကြီး နိုဝင်ဘာ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး ဦးဆောင် ၍ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ သွားရောက် စစ်ဆေးပြီး ညွှန်ကြားချက်များ၊စည်းကမ်းချက်များအားသိရှိ လိုက်နာဆောင်ရွက်ကြရန် သတိပေးခြင်း၊ အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြသည်။
အဆိုပါအဖွဲ့သည်ကွင်းဆင်းစစ်ဆေးခြင်းများကို COVID-19 ကာလအတွင်း တိကျစွာ လိုက်နာဆောင် ရွက်သွားရန်နှင့် မကြာခဏစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
K ခိုင် ပြန်/ဆက်