ခရမ်းမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကွင်းဆင်းစစ်ဆေး

ခရမ်း နိုဝင်ဘာ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ခရမ်းမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကင်းဝေး စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ခရမ်းမြိုမဈေးကြီးအား မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ဈေးကြီးအတွင်း လောင်စာဆီများ၊ သိုလှောင် ရောင်းချမှုမရှိစေရေး ဈေးဆိုင်များအား အသိပညာပေးဆွေးနွေး၍ ဈေးဆိုင်များတွင် အသုံးပြု နေသည့် လျှပ်စစ်မီး များ သွယ်တန်းထားရှိသုံးစွဲမှုနှင့် မီးသတ်ဆေးဘူးများ အရန်သင့် ဆောင်ထားခြင်းနှင့် မီးသုံးစွဲသည့် ဆိုင်ခန်းများ အား စနစ်တစ်ကျ အသုံးပြုရေး၊ မီးသတိပြုရေး လမ်းညွှန်မှာကြားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ်  မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြတ်စိုးမိုး၊ စခန်းမှူး ဦးမင်းကိုအောင်နှင့် တပ်ဖွဲ့ဝင်များ  ခရမ်းမြို့မဈေးကြီးတာဝန်ခံနှင့် ဈေးကြီးကြပ်ရေးမှူးများ၊ မြို့နယ် စည်ပင်သာ ယာရေး ကော်မတီဝင်များက ခရမ်းမြို့မဈေးကြီးအတွင်း တည်ဆောက်ထားရှိသည့် မီးသတ် ရေစင်များ၊ ရေသိုလှောင်ကန်များ၊ လျှပ်စစ်မီးဘုတ်များ၊ မီးငြှိမ်းသတ်ရန် ရေပိုက်ခေါင်းများ သွယ်တန်း ထားရှိမှုများနှင့် မီးသတ်ဆေးဘူးများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း )