အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း

ရန်ကုန်          နိုဝင်ဘာ        ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ နံနက် ပိုင်းက အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်) တွင် အလှူရှင်များက  အသီးသီး လှူဒါန်းခဲ့ ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေး လုပ်ငန်းစဉ်များတွင် အသုံး ပြုနိုင်စေရန် ဦးဝမ်ဟုတ်+ဒေါ်ခင်မာအေး မိသားစုမှ Oxygen Concentrator 10L (၁)လုံးနှင့် PPEဝတ်စုံ(၁၀)စုံ၊ ဦးထွန်းမြင့် မိသားစုမှ အလှူငွေ(၁)သိန်းတို့ကို လှူဒါန်းရာ အင်းစိန် အထွေထွေ ရောဂါ ကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခဲ့ သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)