နတ်တလင်း နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ကျေးရွာအုပ်စုအသီးသီးရှိ Quarantine စခန်းများမှ ပြည်တွင်းပြန်များအား ယမန်နေ့က အာခေါင်တို့ပတ်ရယူ၍ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး (၈)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်းရှိ Quarantine စခန်းများမှ ပြည်တွင်းပြန်(၁၁၃)ဦးတို့အား စစ်ဆေးရာတွင် အမျိုးသမီး တစ်ဦးမှာ(၂)သားအရွယ်ကလေးတစ်ဦးပါရှိပြီး မိခင်ဖြစ်သူမှာ ရောဂါပိုးတွေ့ရှိ၍ ကလေးဖြစ် သူမှာ ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။ ၄င်းပိုးတွေ့သူများအား နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်၍ ဆေးကုသ ပေးသွားမည်ဖြစ်သည်။ နတ်တလင်းမြို့နယ်အတွင်းရှိ Quarantine များတွင် ယနေ့အထိ ပြည်တွင်းပြန်နှင့် ပြည်ပပြန်မှာ စုစုပေါင်း(၁၈၈)ဦးရှိကြောင်း သိရသည်။
ဝင်းမြင့် နတ်တလင်း