အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန် နိုဝင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ကန့်သတ်စောင့်ကြည့် စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းခွဲ(အင်းစိန်)သည် ဥက္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးနီထွန်းတို့၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ သူများ၏ အနီး ပတ်ဝန်းကျင်၊ အိမ်နှင့်လမ်းများ ဖြစ်သော အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အုပ်စု(၄)၊ မြဝတီ မင်းကြီးလမ်းတွင် ပိုးသတ် ဆေးဖျန်း ခြင်း လုပ်ငန်းနှင့် ကိုဗစ်-၁၉ရောဂါအသိပညာ ပေးခြင်း များကို ဆောင်ရွက်ခဲ့ပြီး မြို့နယ် အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)