ညောင်လေးပင် နိုဝင်ဘာ ၂၃
ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့်နေအိမ်ပြင်ပသို့သွားလာရာတွင်မဖြစ်မနေ Mask စနစ်တကျ တပ်ဆင် သွားလာ ကြစေရန် အသိပညာပေးသည့်အနေဖြင့် နိုဝင်ဘာလ၂၃ရက် နံနက်၉နာရီအချိန်က ညောင်လေးပင် မြို့မြို့မဈေးအတွင်း၊ ဈေးအရှေ့လမ်းနှင့် ဈေးအနောက်လမ်း တို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
နှာခေါင်းစည်း တပ်ဆင်ပြီးသွာလာစေရေး စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး နေ့စဉ် နံနက် ၈နာရီတွင်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်မြို့မဈေးအတွင်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်မျိုး ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ ပူးပေါင်းပါဝင်ပြီး နှာခေါင်းစည်းမက်စ် တပ်ဆင်သွားလာခြင်း မရှိသူများကို စစ်ဆေးပြီး နှာခေါင်းစည်း တပ်ဆင်ဖို့ သတိပေးကာ Mask နှင့် Face Shieldsများဖြန့်ဝေ ပေးခဲ့ကြေကြာင်း သိရသည်။
သက်လွင်(ညောင်လေးပင်)