ကလေးခရိုင် မင်းကင်းမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါအတည်ပြုလူနာ(၃)ဦး ကျန်းမာရေး ကောင်းမွန် သောကြောင့်ဆေးရုံမှ ဆင်းခွင့်ပြု

ကလေး   နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊မင်းကင်းမြို့ ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ဆောင်တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ(၃)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ် ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သောကြောင့် ယနေ့နံနက်(၇)နာရီခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအတည်ပြုလူနာ(၃)ဦးတို့သည် မင်းကင်းမြို့နယ် ကြွေကျေးရွာမှ ဘုန်းကြီး(၁)ပါး၊ သံပေါက် ကျေးရွာနှင့် အင်ကြင်းတောင်ကျေးရွာမှ အမျိုးသမီး(၁)ဦးစီဖြစ်ကြပြီး မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့် ပတ်သက်၍ သူနာပြုဆရာ/ဆရာမများက မှာကြားခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း(၂၃)ဦးရှိကာ ၎င်းတို့မှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ယနေ့တွင် မင်းကင်းမြို့၌ ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာမရှိတော့ကြောင်း သိရသည်။

မေသက်(ပြန်/ဆက်)