သံဖြူဇရပ် နိုဝင်ဘာ ၂၃
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုမည့် ( Patient Monitor ) အရေးပေါ် လူနာခန်းတွင် လူနာ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြပ်ကြည့်ရှုသည့် ကရိယာဖြစ်သည့်စက်တစ်လုံးအားပေးအပ်လှူဒါန်းသည့်အခမ်းအနားကိုယနေ့မွန်းလွဲ(၁) နာရီ ခန့်က သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ကျပ် (၂၁) သိန်း တန်ဖိုးရှိ (Patient Monitor ) အရေးပေါ် လူနာခန်းတွင် လူနာ၏ ကျန်းမာရေးအခြေအနေကို စောင့်ကြပ်ကြည့်ရှုသည့် ကရိယာဖြစ်သည့် စက်တစ်လုံးကို သံဖြူဇရပ်မြို့နယ် ပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင် + ဒေါ်စိုးစိုးမြင့် မိသားစုကိုယ်စား မြို့နယ်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးမင်းထွန်းဝင်းက ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ် ချုပ်ရေးမှူး ဒေါက်တာ သိန်းထွဋ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မင်းသန့်ဇင်တို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်းသိရသည်။
အေးအေးသီ