ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းသိမ်းကာကွယ်ရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်

ရွှေတောင် နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည်ပူဇော်ရွတ်ဖတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပရိတ်တရားတော်များ လှည့်လည်ရွက်ဖတ်ပူဇော်ရာတွင် ဦးစီးပဌါန နာယကတိလောကရုံ ဆရာတော် ဥူးနန္ဒိယနှင့် ဆရာတော်(၇)ပါး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့ဝင်းများက ရွှေတောင်မြို့နယ်အတွင်းရှိ မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)အုပ်စုအတွင်း အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ပူဇော် ရွတ်ဖတ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)