ကော့ကရိတ် နိုဝင်ဘာ ၂၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီဆိုင်ထိုင်ရောင်းချခွင့်ရရှိရေး ဆောင်ရွက် ထားရှိမှု ရှိ/ မရှိကို ယမန်နေ့ နံနက် ပိုင်းက ကော့ကရိတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး၊ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဆိုင်ရှင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လက်ဆေး ဘေစင် များ စနစ်တကျထားရှိပြီး လက်ဆေးစေခြင်း၊ Hand Gel များ ထားရှိပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ အကွာ နေထိုင်စေခြင်းနှင့် ဆိုင်ရှင်များကိုယ်တိုင် Face Shield များ၊ နှာခေါင်းစည်း Mask များနှင့် လက်အိတ်များ စွပ်ပြီး ရောင်းချရေးစစ်ဆေး ပညာပေး မှာကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)