အင်းစိန်မြို့နယ်၌ ဈေးကားများဖြင့် သား၊ငါး၊ဟင်းသီးဟင်း ရွက်များနှင့် စားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန် နိုဝင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ စဉ်ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ဈေးနှုန်းသက်သာစွာဖြင့် ဝယ် ယူ စားသုံးနိုင်စေရန်၊ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ငါး၊ဟင်းသီးဟင်းရွက်များ၊စားသောက်ကုန်များအား ဝယ်ယူ စားသုံး နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၇)နာရီအချိန်မှစတင်ကာ ရွာမအလယ် ရပ်ကွက်၊ဘူတာလမ်းနှင့် ရွာမအနောက် ရပ်ကွက်၊ချမ်းမြေ့စည်ပင်ရိပ်သာတို့တွင် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သိရ သည်။
ရောင်းချရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ညီနောင်အသင်းများမှ ပူးပေါင်း ဆောင်ရွက်သော အင်းစိန်မြို့နယ်အတွင်းရှိ လူသွား လူလာများတတ်သော နေရာများသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါးအမျိုးမျိုး၊ကြက်ဥ၊ဟင်းသီးဟင်းရွက်များနှင့်စား သောက်ကုန် ပစ္စည်းများ စသည်တို့ကို လူတန်းစား မရွေးဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် အင်းစိန်မြို့ နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဦးဆောင်၍ (၅)ကြိမ်မြောက်အဖြစ် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)