မင်္ဂလာဒုံမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းတို့ဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ ၂၃   

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၂၇) ရပ်ကွက်၊ ကျေးရွာ အုပ်စုကြီး(၅)စု၊ ကျေးရွာပေါင်း(၂၀)တို့တွင် ယနေ့ နံနက် (၉)နာရီမှစပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝင်းဝင်းမာ ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုး ခြင်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးရာတွင် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကလေး မိခင်နှင့် ကလေးတို့ကို နှာခေါင်းစည်းများတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာမှနေခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်​ဆေးခြင်း၊ လူစုလူဝေး မဖြစ်ပေါ်စေရန် ကလေးမိခင်များကို အချိန်၊ နာရီ အတိအကျ သတ်မှတ်ကာ ရပ်ကွက်များနှင့် ကျေးရွာများတို့တွင် ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးထိုးနှံပေးလျက်ရှိ သည်။

တိုက်​ကျွေးထိုးနှံပေးသော ဆေးများမှာ မွေးပြီးပြီးချင်း က​လေးငယ်များကို  ဘီစီဂျီ အသည်းရောင်အသားဝါ (ဘီ)၊ အသက်(၂)က​လေးများကို ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ (၅မျိုးစပ် ကာကွယ်ဆေး)-ပြင်းထန်အဆုပ်ရောင်(ပီစီဗီ)-၊ အသက် (၉) က​လေးများကို ဝက်သက်၊ ဂျိုက်သိုး နှင့်အသက်()နှစ်ခွဲ က​လေးများကို ဝက်သက်ကာကွယ်ဆေးတို့ကို ဆေးတိုက်​​ကျွေးခြင်း၊​ ဆေးထိုး​ပေးခြင်း တို့ဆောင်ရွက်ခြင်းဖြစ်​ပြီး နိုဝင်ဘာ (၂၃) ရက်နေ့မှ နိုဝင်ဘာ (၃၀)ရက်နေ့အထိ ရက်သတ္တပတ်အတွင်း တိုက်​ကျွေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။    

မျိုးသန့် (ပြန်/ဆက်)