နတ်တလင်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နတ်တလင်း   ဇန်နဝါရီ     ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ်တွဲလက်များအဖွဲ့ စာပေချစ်မြတ်နိုးသူများ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပ‌​သော နတ်တလင်းမြို့ ကလေးစာပေပွဲတော် စာအုပ်ပြပွဲနှင့် စာအုပ်‌ဈေးရောင်းပွဲတော်ကို ရန်ကုန်-ပြည်လမ်းရှိမြို့နယ် အထက်တန်းကျောင်း တွင် ဇန်နဝါရီ (၁၁) ရက်နေ့  နံနက်(၈) နာရီမှ ညနေ (၅) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ ပန်းချီဆေးရောင်ခြယ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဠိ၊ စာဖတ်စွမ်းရည်၊ စက္ကူခေါက်၊ ဂိမ်းကစားနည်းများ၊ တေးသရုပ်ဖော် အကပဒေသာများ၊ ပန်းချီပြခန်းအသိပညာပေးပြခန်းများ၊ ရှန်တီကလေးစာဖတ်ခန်း၊ စာအုပ်အရောင်းဆိုင်များအပြင် မြို့နယ်အတွင်းရှိ စေတနာရှင် များမှ စတုဒိသာမုန့်နှင့် အချိုရည်များ တိုက်ကျွေးလှူဒါန်းမှုများ ပါဝင်ပြီး ကလေးစာပေပွဲတော်သို့ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)