ရန်ကင်း နို၀င်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို အရှိန်အဟုန် မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်(၇)နာရီအချိန်က ရန်ကင်းမြို့မဈေး၊ ကံဘဲ့ဈေး၊ ဘောက်ထော် ဈေး များတွင် ဈေး၀ယ်ပြည်သူများနှင့်ဈေးရောင်းချပြည်သူများ အား ပါးစပ်နှင့် နှာခေါင်းစည်း mask မဖြစ် မနေ တပ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်းများဆောင်ရွက်ခဲ့ပြီး mask များ ဖြန့်ဝေပေးခြင်းနှင့် တပ်ဆင် စေခြင်းများကို ဆောင်ရွက်ခဲ့ကာ နှာခေါင်းစည်း mask (၃၀၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအဖွဲ့အစည်း များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး Mask Campaign ဆောင်ရွက်ခြင်းအား မြို့နယ်အတွင်း နေရာများ ခွဲ၍ အပတ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(ပြန်/ဆက်)