လှိုင်းဘွဲ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် World Vision Myanmar အဖွဲ့တို့ ပူးပေါင်း၍ (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထမ်းအမှတ် ပန်းချီဆွဲပြိုင်ပွဲတွင် ဆုရရှိသူများ အား ဆုပေးပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ ဆုပေးပွဲမှာ World Vision Myanmar မှ စီမံကိန်းတာဝန်ခံ ဒေါ်ခိုင်ယဉ်နုက (၃၁) နှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကလေးငယ် များနေ့ကို ကလေးသူငယ်များ အသက်ရှင်သန် ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ဟူသော အခွင့်အရေး များကို ကလေးများ သိရှိနိုင်စေရန်အတွက် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်နှင့် World Vision Myanmar မှ စီမံကိန်းတာဝန်ခံ ဒေါ်ခိုင်ယဉ်နုတို့က ဆုရရှိသော ကလေးငယ်များအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြိုင်ပွဲမှာ ကျောင်းသား၊ ကျောင်းသူ (၆၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မူလတန်းအဆင့်တွင် ဆု (၅) ခုနှင့် အထက်တန်းနှင့် အလယ်တန်းအဆင့်တွင် ဆု(၆)ခုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)