လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်

လှိုင်းဘွဲ နိုဝင်ဘာ ၂၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ကျုံပကိုကျေးရွာအုပ်စု ကျုံပကိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ ၂၃,၇၀၀,၀၀၀ ကျပ်ဖြင့် (အရှည် ၁၄၀၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ) ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် တာဝန်ရှိသူတို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ၊ ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးသွားပါ ကျုံပကိုကျေးရွာအုပ်စု ကျုံပကို ကျေးရွာ အိမ်ထောင်စု (၂၅၁) စု၊ လူဦးရေ (၁၇၈၀) ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)