ရှမ်းရွာသစ် မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ်   နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါသည်။
ထိုသို့မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သုသာန်အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလပထမ ပတ်မှစ၍ ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် (၇၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေး အတွက် အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ  အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၄)ပေ ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၅.၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း  မြို့စည်ပင် သာယာရေးအဖွဲ့မှ သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)