ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မွေးစမှ အသက်ငါးနှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုး၊​ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကြည့်မြင်တိုင် နိုဝင်ဘာ ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မွေးစမှ အသက်ငါးနှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုး၊​ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၃ ရက်​နေ့မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဌာန အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​နိုင်ရေးအတွက် တစ်​နေ့လျှင် က​လေးဦး​ရေ (၅၀)ဦးကို ပုံမှန်ကာကွယ်​ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။ 

အဆိုပါ  ပုံမှန်ကာကွယ်​ဆေးထိုး၊ ဆေးတိုက်ခြင်းများကို လစဉ်လဆန်း၁ ရက်​​နေ့မှ ၇ရက်​နေ့အထိ ဆောင်ရွက်​ပေးသွားမည်ဖြစ်ပြီး အပတ်စဉ် ကြာသပ​တေး​နေ့တိုင်းတွင်လည်း ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)