ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ (RE)ဘတ်ဂျက်ငွေဖြင့် ရရှိထားသော လမ်းများခင်းကျင်းစေရန်နှင့် အသစ်ရရှိရန် တောင်းဆိုထားသည့် လမ်းများအား မြို့နယ် လမ်းတံတား တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဒဂုံတောင် နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၀-၂၀၂၁ (RE)ဘတ်ဂျက်ငွေဖြင့် ရရှိထားသောလမ်းများ စတင်ခင်းနိုင်ရေးနှင့် အသစ်ခင်းကျင်း ပေးရန် တောင်းဆိုပေးထားသည့် လမ်းများ၏အခြေအနေများအား မြို့နယ်လမ်းတံတား တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် လမ်းများ စတင်ခင်းကျင်းရာတွင် လမ်းများ အရည်အသွေး ကောင်းမွန်စေရေး အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပြီး အမြန်ဆုံး ခင်းကျင်းပေးနိုင်ရေးနှင့် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးတို့အား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် အသစ်တောင်းဆိုရန် ရှိသည့်လမ်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်လမ်းတံတား တာဝန်ခံများ ဆက်လက်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

အိကေသရီ(ပြန်/ဆက်)