ဒဂုံတောင် နိုဝင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင်လည်း မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး မြို့အဝင်ဆိုင်းဘုတ်များအား ပြင်ဆင်ဆောင်ရွက်မည့် အခြေအနေများကို မြို့နယ်စည်ပင်သာယာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ(၁၇:၀၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ဆောင်ရွက်မှုတွင် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဦးဆောင်၍ မြို့အဝင်ဆိုင်းဘုတ် ပြင်ဆင်ခြင်း၊ မြို့အဝင်သန့်ရှင်းသာယာရေးတို့ကို့ ဆောင်ရွက်ရန်ကြည့်ရှုခဲ့ပြီး လိုအပ်သည့်ပြုပြင်မှုများ လုပ်ဆောင်ရန် တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြုပြင်ဆောင်ရွက်ခြင်းဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အိကေသရီ(ပြန်/ဆက်)