ဒဂုံမြို့သစ်(အရှေ့ပိုင်း) နိုဝင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းများ ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၁နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြန်လည်စစ်ဆေးပြီး၊ ရပ်ကွက်အတွင်း နေထိုင်သော ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် ဆောင်ရွက်စေခြင်း၊ ဝင်ငွေနည်းမိသားစု အမှန်တကယ် ဖြစ်ကြောင်း ထောက်ခံချက်များနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်ထားနိုင်ရေး ကြေညာပေးရန်၊ လျှောက်ထားလာသော ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားဖြစ်ကြောင်း ဝန်ခံချက်နှင့်အတူ စာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက ပြန်လည် စိစစ်ပြီးသော စာရင်းကို မြို့နယ်စီစစ်ရေးအဖွဲ့၊ နှင့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြန်လည်စစ်ဆေး အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်တို့ က ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကိုဗစ်-၁၉ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
လှလှထွေး(ပြန်/ဆက်)