မြဝတီမြို့တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ဆောင်ရွက်

မြဝတီ နို၀င်ဘာ ၂၄


ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်(၈)နာရီအချိန်က   မြဝတီမြို့အမှတ်(၁) ရပ်ကွက်ရှိသဇင်လမ်းထောင့်နှင့် သောင်ရင်းဈေးတွင်  ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း mask မဖြစ်မနေ တပ်ဆင်ရေးအတွက် စည်းရုံး လှုံ့ဆော်ခြင်းများဆောင်ရွက်ခဲ့ပြီး mask များ ဖြန့်ဝေပေးခြင်းနှင့် တပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့ကာ နှာခေါင်းစည်း mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့တို့နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များနှင့် ပရဟိတလူမှုရေးအဖွဲ့အစည်း များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


မန်းသန်းရွှေမြင့်