သံတောင်ကြီး နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ ကျေးရွာပေါင်း(၆၇)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ရွာကြီးကျေးရွာအုပ်စု မယ်ဇလီကုန်းကျေးရွာ အနေဖြင့် မြစိမ်းရောင်ရန်ပုံငွေအတိုးရငွေ ကျပ်သိန်း(၅၀)နှင့် ကျေးရွာလူထုလုပ်အား ပူးပေါင်း၍ ကျေးရွာအတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးဖြစ်သည့်အတွက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီ အချိန်က မယ်ဇလီကုန်း ကျေးရွာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောဗစ်တာခလိုက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်း နှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးချမ်းငြိမ်းဝင်းမှ လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီး ရေရှည်တည် တံ့ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ရန် ပြောကြားပြီး နောက်ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် အကျယ်(၁၀)ပေ ၊ ထု(၆)လက်မ ၊ အရှည် (၄၄၀) ပေကို မြစိမ်းရောင်ရန်ပုံငွေအတိုးရငွေကျပ်သိန်း(၅၀) နှင့် ကျေးလက်ပြည်သူလုပ်အားခထည့်ဝင်ငွေများ ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)