ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အင်းဝဓာတ်အားခွဲရုံ ပြန်လည်ပြင်ဆင်နေမှုအား အမြန်ဆုံး ပြီးစီးနိုင်ရေး တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း နိုဝင်ဘာ လ (၂၂)(၂၃)ရက်နေ့များတွင်  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်သာကေတမြို့နယ် သို့ ဆက်သွယ်ထား သော လျှပ်စစ်ဓာတ်အား​လိုင်း ကြိုးပြတ်တောက်မှုနှင့် အင်းဝဓာတ်အားခွဲရုံ ပြန်လည်ပြင်ဆင် တည်ဆောက်နေမှု အခြေအနေများကြောင့် လျှပ်စစ်မီးပြတ်တောက်လျှက်ရှိရာ ထို့သို့ပြင်ဆင်ဆောင်ရွက် နေမှုများအား အမြန်ဆုံးပြီးစီးနိုင်ရေးနှင့် တည်ဆောက်ဆဲကာလ တွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ယမန်နေ့ ညနေ(၁၆း၀၀)နာရီအချိန်က ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းကြည့်ရှုရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များ ပူးပေါင်းပါဝင်ခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်ဆန်းက ဓာတ်အားခွဲရုံ ပြန်လည် တည်ဆောက် နေမှုများ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နေမှုများနှင့် ဓာတ်အားခွဲရုံ တည်ဆောက် ပြီးစီးမှု အ​​ခြေအနေများအား အသေးစိတ်လိုက်လံရှင်းပြခဲ့​ကြောင်း သိရသည်။

အဆိုပါဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်တည်ဆောက်ပြီးပါက မြို့နယ်အတွင်းလျှပ်စစ်မီး အလုံအလောက် ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သက်မင်းဟန်(ဒဂုံတောင်)