အထက်မင်းလှ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရုံးရပ်မြောက်၊ ကွင်းအမှတ် (၈၄၀)၊ တောင်ဖီလာကွင်း၊ ဦးပိုင်အမှတ် (၁၉/၄)၊ ဧရိယာ (၃.၀၂ ) ဧကရှိ တောင်သူ ဦးသန်းမောင်၏ လယ်မြေတွင် စိုက်ပျိုးထားသော မိုးစပါးဧရာမင်းမျိုး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် (၈) နာရီက မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခွဲ ရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးကျော်ဌေး၊ မြို့ထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မင်းလှမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးညီညီနိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့်တောင်သူတို့က စိုက်ပျိုးထားသော မိုးစပါး ဧရာမင်းမျိုး စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းများ ဆောင်ရွက်ရာ မိုးစပါးဧရာမင်းမျိုး (ကောင်းကိုယ်စားပြု) စံကွက်၌ တစ်ဧက အထွက်နှုန်း အစိုထွက် (၈၉.၅) တင်းနှုန်း ထွက်ရှိကြောင်း မင်းလှမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်း အောင်ထံမှ သိရှိရသည်။
ဇာဇာ (အထက်မင်းလှ)