ဒဂုံ(အရှေ့)၊ နိုဝင်ဘာ ၂၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ အနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြု နိုင်စေရန် ရည်ရွယ်၍ PPE Level 3 ဝတ်စုံများနှင့်ကာကွယ်ရေးသုံးပစ္စည်းများအား သံသရာ ခရီးသည် နာရေးကူညီမှု ပရဟိတအသင်းအဖွဲ့သို့ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီကဆောင်ရွက်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၆ ရပ်ကွက်နေ အဖွား ဒေါ်ညွန့်ကြည်နှင့် သားသမီးမြေးတစ်စုမှ လှူဒါန်းခဲ့သော PPE Level 3ဝတ်စုံ (၁၀)စုံ၊ နှာခေါင်းစည်း 95 Mask (၅၀) ခုနှင့်၊ Toe Toe ကုမ္မဏီမှ ကလိုရင်းပိုးသတ်ဆေး ၂၀ လီတာ ၁ ဗူး တို့အား လာရောက်လှူဒါန်းရာသံသရာခရီးသည်နာ ရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိသော Volunteer များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ပရဟိတအသင်းအဖွဲ့များအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ ရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါး အိမ်ထောင်စုများအတွက် အလှူရှင် များနှင့် ပူးပေါင်း၍ အခြေခံ စားသောက်ကုန်များ လှူဒါန်းပေးခြင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)