စေတုတ္တရာ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်ဒေသများရှိ ဒေသခံ ပြည်သူများ ရာသီမရွေးသွားလာရေး လွယ်ကူစေရန်နှင့် လယ်ယာ ထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ် ကူစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေး လက်လမ်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ငလဲကျေးရွာ ချင်းဆက် လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြာင်း သိရသည်။
အလယ်ဟန်ဒေါက်-ဘူး-ငလဲကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၅ ဖာလုံအား လမ်းတာချဲ့၍ လမ်းအကျယ် ၁၆ပေအား မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၉.၂၅)သန်းဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်း ပြည့်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင် ရွက်ပြီးစီးသောကြောင့် အလယ်ဟန်ဒေါက်ကျေးရွာ၊ ဘူးကျေးရွာနှင့် ငလဲကျေးရွာများရှိ ဒေသခံ ပြည်သူများအတွက် ရာသီမရွေးသွားလာရေး လွယ်ကူစေပြီး လမ်းပန်းဆက်သွယ်ရေး၊ ကျန်း မာရေးနှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရေးအတွက် အထောက်အကူပြုနိုင် မည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နိုင်နိုင်ရွှေ ထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)