ကဝ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ရွာသစ်ရပ်ကွက်၊ တံတားကြီးရပ်ကွက်နှင့် ကျောင်းကြီးရပ်ကွက်တို့တွင် အသက် ၉ နှစ်မှ ၁၀ နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV)ကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမောင်မောင်ချစ်နှင့်တာဝန်ရှိသူများက အမျိုးသမီးငယ် ၃၀ ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ခဲ့သည်။
သားအိမ်ခေါင်းကင်ဆာ(HPV)ကာကွယ်ဆေးသည် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် အမျိုးသမီးငယ်များအား တစ်နှစ်ခြား ၂ ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ယခုပထမအကြိမ် ထိုးနှံကာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်သည်။
ကဝမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု ၁၀၃ အုပ်စုရှိသဖြင့် သားအိမ်ခေါင်းကင်ဆာ (HPV)ထိုးနှံရန် အသက် ၉ နှစ်မှ ၁၀ နှစ် အမျိုးသမီးငယ် ၂၁၂၆ ဦးရှိရာ နယ်မြေအလိုက် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)