နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်

နတ်မောက် နိုဝင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိ ပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄နာရီအချိန်ခန့်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ် မော်တော်ယာဉ်ဖြင့် မြို့ပေါ် (၇)ရပ်ကွက်သို့ လိုက်လံနှိုးဆော်ခဲ့ကြသည်။   

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသူရနှင့် တပ်ဖွဲ့ဝင်များက ယခုအချိန် အခါသည် ပူပြင်းခြောက်သွေ့သောရာသီရောက်ရှိလာပြီး နတ်မောက်မြို့နယ်အတွင်းရှိ နိုင်ငံတော် ပိုင်စက်ရုံ၊  အလုပ်ရုံများ၊ ရုံး၊ အဆောက်အဦ၊ ယဉ်ကျေးမှုအမွေအနစ်များနှင့် မိဘလုပ်သား ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ဥစ္စာများကို မီးဘေးအန္တရာယ်ဆိုးကြီးမှ ကြိုတင်ကာကွယ်နိုင်ရန် မီးဘေးကြိုတင် ကာကွယ် တားဆီးရေးဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက် (၂၄)ချက်များကို မြို့တွင်းသို့လိုက်လံနှိုးဆော်ခဲ့ကြရာ  လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများအရလည်းကောင်း၊ ၂၀၁၅ခုနှစ် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့   ဥပဒေပုဒ်မ ( ၃၄)အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)